Tuesday, April 9, 2013

Werder Bremen (Weserstadion)










ပြင်ဆင်မှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့သောကွင်း တစ်ကွင်းဖြစ်ပါတယ်...။ ဂျာမန်ကလပ် ၀ါဒါဘရီမင် ရဲ့ အိမ်ကွင်းဖြစ်ပါတယ်...။ ဂျာမနီနိုင်ငံ ဘရီမင် မြို့ ၊ Weser မြစ်ရဲ့ ကမ်းနဖူးပေါ်တွင်တည်ရှိပါတယ်...။ ကွင်း ပတ်ဝန်းကျင်တွင် lush green parks က၀န်ရံထားပြီးတော့ စိမ်းလန်းသောကွင်းတစ်ကွင်း ဖြစ်ပါတယ်...။
2006 FIFA World Cup အတွက် အိမ်ရှင် အဖြစ် ကျင်းပခွင့် လျှောက် ထားခဲ့သော်လဲ ပယ်ချ ခြင်းခံခဲ့ရ ပါတယ်..။ဒါပေမယ့်လဲ ဂျာမနီ နိုင်ငံ ရဲ့ အနုပညာ ရှင်များ လာရောက် ဖျော်ဖြေ မှု အများဆုံးကွင်း
 ဖြစ်ပါတယ်...။  Bon Jovi, Michael Jackson, Depeche Mode, Metallica, The Rolling Stones, Guns N' Roses, Tina Turner and Van Halen, တို့ နှင့် တခြားသောအနုပညာရှင်များ လာရောက်
ဖျော်ဖြေပေးခဲ့ပါတယ်...။ကွင်းသမိုင်းက တော့ရှည်ကြာလှပြီးတော့ 1923 တွင်စတင်တည် ဆောက် ခဲ့ပြီး
တော့ 1924 တွင် ဖွင့်လှစ်ခဲ့ပါတယ်...။ 1963–1965, 1989, 2005, 2008 ခုနှစ်များတွင် ပြုပြင် မှုများ ပြု လုပ်ခဲ့ပြီးတော့ နောက်ဆုံးဗိသုကာ လက်ရာများနှင့် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်...။ထိုသို့ ပြင်ဆင်ရာမှာ 2009 ခုနှစ်တွင်ပြီး စီးခဲ့ပါတယ်..။ ၀င်ဆနိ့လူဦးရေမှာ 42,500 ရှိပြီးတော့ မတ်တပ်ရပ် နေရာများ 10,100 ပါရှိပါတယ်...။

0 comments:

Post a Comment