Tuesday, April 9, 2013

FSV Mainz 05 (Coface Arena)











Coface Arena ကွင်းသည် ကွင်း ငယ်သော်လဲ လှပသော ဗိသုကာ လက်ရာ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်...။ ကွင်းတွင်း ကွင်းပြင် မိန့်ဇ် အသင်း၏ အရောင်ဖြစ် သော အနီရောင် ဖြင့် တန်ဆာဆင်ထားသည် မှာလဲ စိတ်ကို တတ်ကြွ စေပါတယ်...။လေးဖက် ယှက်အမိုး အမိုးအမျိုး အစားဖြစ်ပြီးတော့ ကွင်းတောင့် တိုင်းတွင် ကြီးမား သော မှန်ကြီးများဖြင့် တန်ဆာဆင်ထားပါတယ်...။ကွင်းရဲ့တည်နေရာကတော့ ဂျာမနီနိုင်ငံ မိန့်ဇ် မြို့ဖြစ်ပါတယ်..။ဝင် ဆန့်လူဦးရေ 34034 ရှိပြီးတော့ ထိုင်ခံ အရေအတွက်19,700 ရှိပါတယ်..ကျန် နေရာများကတော့ မတ်တတ်အားပေးသးတွေအတွက်ဖြစ်ပါတယ်...။ 2011 ကမှ စတင်ဖွင့် လှစ်သောကြောင့် ကွင်းသေးသော်လဲ ခေတ်မှီသော ဒီဇိုင်း ရှိပါတယ်...။ပထမဆုံးသော လိဂ် ပွဲစဉ် ကို လီဗာကူဆင် အသင်းနှင့် ၄င်းကွင်းတွင်စ တင် ယှဉ်ပြိုင် ခဲ့ပါတယ်...။ တည်ဆောက်မှု စရိတ်ကတော့ ယူရို သန်း ခြောက်ဆယ် ကျော် ကုန်ကျခဲ့သော ကွင်းတစ်ကွင်းဖြစ်ပါတယ်.....။

0 comments:

Post a Comment