Monday, April 8, 2013

VfL Wolfsburg (Volkswagen Arena)










ဂျာမဏီ နိုင်ငံ ရဲ့ အလှ ဆုံးသော ကွင်းတစ်ကွင်းဖြစ်ပါတယ်... လျှပ်စစ်မီး အသုံးမှာဆုံးသောကွင်း တွေမှာ တတိယ လိုက်ပါတယ်...။ညခင်းတွင် လှပသော နီယွန်မီးတွေနဲ့ ထိန်ဝါလျှက်ရှိပါတယ်..။ထူးခြားချက်
နောက်တစ်ခုကတော့ မြစ်ကမ်း နဖူးတွင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်..။ဂျာမနီ နိုင်င့အသင်း
လေ့ကျင့်မှုများလုပ်သောကွင်းလဲဖြစ်ပါတယ်...။ ကွင်းဘေးတွင် အပို လေ့ကျင့်ရေးကွင်းများလဲပါရှိ ပါတယ်..။ဝုစ်စဘတ် အသင်းရဲ့ အိမ်ကွင်းလဲဖြစ်ပါတယ်..။ဟိုးအရင်က လူဦးရေ 20,500 ၀င်ဆန့် ရာမှ 2011 FIFA Women's World Cup လက်ခံကျင်းပရန် ထိုင်ခုံ အရေအတွက် 30,000 အထိ တိုးချဲ့ ခဲ့ပါ တယ်..။ တည်နေရာကတော့ ဂျာမနီ နိုင်ငံ ၀ုစ်စဘတ် မြို့ဖြစ်ပါတယ်...။ ဗိသုကာဒီဇိုင်းက ထူးခြား ပြီးတော့ ကွင်းအတွင်းကြည့် လျှင် အမိုးများမှာ လိပ်ခုံးပုံ ရှိပြီးတော့ အပြင်မှ ကြည့်ရှုပါက အမိုးပြား ပုံကိုမြင်ရမှာပါ ။
အရင်ကွင်အဟောင်းကိုပြုပြင်ပြီးတော့ 13 December 2002 မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်...။နိုင်ငံတကာ
ဖျော်ဖြေ မှုအနေနဲ့ကတော့ Elton John နဲ့ Anastacia တို့ရဲ့ တေးဂီးတ ဖျော်ဖြေပွဲများကို လက်ခံ
ကျင်းပ ပေးခဲ့ပါတယ်...။ ဆောက်လုပ်ရေး ကုန်ကျ စရိတ်ကတော့ 53 million ယူရိုငွေ ကုန်ကျခဲ့ပါတယ်..
VfL Wolfsburg အသင်းရဲ့ အိမ်ကွင်း အဖြစ် ဘွန်ဒစ်လီဂါ ပွဲစဉ်များကိုလက်ခံ ကျင်းပပေးလျှက်ရှိပါတယ်..။

0 comments:

Post a Comment