Old Traffort

မန်ယူနိုက်တတ် ၏အိမ်ကွင်း အိုးထရက်ဖို့

Rangers FC

စကော့တလန် နာမည်ကျော် ရိန်းဂျား အသင်း၏ အိမ်ကွင်း....။

Allianz Arena

ချန်ပီယံလိဂ် ဗိုလ်လုပွဲကျင်းပခဲ့သော ဘိုင်ယန်မြူးနစ် အိမ်ကွင်း...။

Stamford Bridge

ချန်ပီယံ လိဂ် ချန်ပီယံ ချဲဆီး အသင်း၏ စတန်းဖို့ဒ် တံတားကြီး

Emirates Stadium

အာစင်နယ် အသင်း၏ ကွင်းသစ်ကြီး အီမရိတ် စတေဒီယမ်...။

Tuesday, April 9, 2013

Werder Bremen (Weserstadion)










ပြင်ဆင်မှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့သောကွင်း တစ်ကွင်းဖြစ်ပါတယ်...။ ဂျာမန်ကလပ် ၀ါဒါဘရီမင် ရဲ့ အိမ်ကွင်းဖြစ်ပါတယ်...။ ဂျာမနီနိုင်ငံ ဘရီမင် မြို့ ၊ Weser မြစ်ရဲ့ ကမ်းနဖူးပေါ်တွင်တည်ရှိပါတယ်...။ ကွင်း ပတ်ဝန်းကျင်တွင် lush green parks က၀န်ရံထားပြီးတော့ စိမ်းလန်းသောကွင်းတစ်ကွင်း ဖြစ်ပါတယ်...။
2006 FIFA World Cup အတွက် အိမ်ရှင် အဖြစ် ကျင်းပခွင့် လျှောက် ထားခဲ့သော်လဲ ပယ်ချ ခြင်းခံခဲ့ရ ပါတယ်..။ဒါပေမယ့်လဲ ဂျာမနီ နိုင်ငံ ရဲ့ အနုပညာ ရှင်များ လာရောက် ဖျော်ဖြေ မှု အများဆုံးကွင်း
 ဖြစ်ပါတယ်...။  Bon Jovi, Michael Jackson, Depeche Mode, Metallica, The Rolling Stones, Guns N' Roses, Tina Turner and Van Halen, တို့ နှင့် တခြားသောအနုပညာရှင်များ လာရောက်
ဖျော်ဖြေပေးခဲ့ပါတယ်...။ကွင်းသမိုင်းက တော့ရှည်ကြာလှပြီးတော့ 1923 တွင်စတင်တည် ဆောက် ခဲ့ပြီး
တော့ 1924 တွင် ဖွင့်လှစ်ခဲ့ပါတယ်...။ 1963–1965, 1989, 2005, 2008 ခုနှစ်များတွင် ပြုပြင် မှုများ ပြု လုပ်ခဲ့ပြီးတော့ နောက်ဆုံးဗိသုကာ လက်ရာများနှင့် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်...။ထိုသို့ ပြင်ဆင်ရာမှာ 2009 ခုနှစ်တွင်ပြီး စီးခဲ့ပါတယ်..။ ၀င်ဆနိ့လူဦးရေမှာ 42,500 ရှိပြီးတော့ မတ်တပ်ရပ် နေရာများ 10,100 ပါရှိပါတယ်...။

FSV Mainz 05 (Coface Arena)











Coface Arena ကွင်းသည် ကွင်း ငယ်သော်လဲ လှပသော ဗိသုကာ လက်ရာ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်...။ ကွင်းတွင်း ကွင်းပြင် မိန့်ဇ် အသင်း၏ အရောင်ဖြစ် သော အနီရောင် ဖြင့် တန်ဆာဆင်ထားသည် မှာလဲ စိတ်ကို တတ်ကြွ စေပါတယ်...။လေးဖက် ယှက်အမိုး အမိုးအမျိုး အစားဖြစ်ပြီးတော့ ကွင်းတောင့် တိုင်းတွင် ကြီးမား သော မှန်ကြီးများဖြင့် တန်ဆာဆင်ထားပါတယ်...။ကွင်းရဲ့တည်နေရာကတော့ ဂျာမနီနိုင်ငံ မိန့်ဇ် မြို့ဖြစ်ပါတယ်..။ဝင် ဆန့်လူဦးရေ 34034 ရှိပြီးတော့ ထိုင်ခံ အရေအတွက်19,700 ရှိပါတယ်..ကျန် နေရာများကတော့ မတ်တတ်အားပေးသးတွေအတွက်ဖြစ်ပါတယ်...။ 2011 ကမှ စတင်ဖွင့် လှစ်သောကြောင့် ကွင်းသေးသော်လဲ ခေတ်မှီသော ဒီဇိုင်း ရှိပါတယ်...။ပထမဆုံးသော လိဂ် ပွဲစဉ် ကို လီဗာကူဆင် အသင်းနှင့် ၄င်းကွင်းတွင်စ တင် ယှဉ်ပြိုင် ခဲ့ပါတယ်...။ တည်ဆောက်မှု စရိတ်ကတော့ ယူရို သန်း ခြောက်ဆယ် ကျော် ကုန်ကျခဲ့သော ကွင်းတစ်ကွင်းဖြစ်ပါတယ်.....။

TSG 1899 Hoffenheim (Rhein-Neckar Arena)










Location Map


ယခု ဖေါ် ပြပါကွင်း ဖြစ်သည့် Rhein Necker Arena ကွင်းကြီးသည် ဂျာမနီ နိုင်ငံ Sinsheim တွင် တည်ရှိ ပါသည်...။ TSG 1899 Hoffenheim အသင်း၏ အိမ်ကွင်း အဖြစ် လက်ခံ ကျင်းပ နေလျှက်ရှိပါသည်...။ ဘက်စုံသုံ နိုင်သည့်ကွင်း အမျိုးအစားဖြစ်ပါသည်...။လှပသော ဒီဇိုင်း အမျိုးအစားဖြစ်ပါသည်..။ 24 January 2009 ကစတင် ဖွင့်လှစ်ပေးခဲ့ပါသည်...။ဝင်ဆန့် လူဦးရေ 30,150 ရှိပါသည်...။ Baden-Württemberg ပြည်နယ် တွင် အကြီးဆုံးသောကွင်းဖြစ်ပါသည်...။ဟော့ဖန်ဟိမ်း အသင်း၏ ပထမဆုံးသော အိမ်း ကွင်းပွဲ စဉ်ကို FC Energie Cottbus အသင်းနဲ့ ထိုကွင်းကြီးထဲ တွင် ကျင်းပပေးခဲ့ ပါသည်...၄င်းပွဲ တွင် အိမ်ရှင် အသင်းက ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်...။ 2011 FIFA Women's World Cup ကိုလဲ လက်ခံ ကျင်းပပေးခဲ့သော ကွင်းတစ် ကွင်းဖြစ်ပါတယ်...။ကွင်းတည်ဆောက်မှု ကုန်ကျ စရိတ်မှာ 100 million ယူရိုကုန်ကျ ခဲ့ပါတယ်...။ တည်ဆောက်ခဲ့သော ဗိသုကာများကတော့ Eheim Moebel နဲ့ Sattler Europe အဖွဲ့ တို့ဖြစ်ကြပါတယ်...။

Monday, April 8, 2013

Thuwunna Stadium(myanmar)








အောက်မြန်မာနိုင်ငံ ရဲ့ အဆင့် အမြင့် ဆုံးကွင်းဖြစ်ပါတယ်...။ ရန်ကုန် အသင်းရဲ့ MNL ပွဲ စဉ်များ အပြင် အခြားသော MNL အသင်းတွေရဲ့ ပွဲ စဉ်များကို ပါလက်ခံ ကျင်းပပေးလျှက်ရှိပါတယ်...။ 1985 ခုနှစ်က စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်...မြက်ခင်းကွင်း အမျိုး အစားဖြစ်ပြီးတော့ လူဦးရေ 32000 လောက်ဝင်ဆန့် ပါတယ်...။ ယခုအခါ Sea game အတွက် အဆင့်မြှင့်တင်မှုများ၊ ထိုင်ခုံများတပ်ဆင်ခြင်းများ...၊ အမိုးများ ပြုပြင် ခြင်းများပြုလုပ်နေလျှက်ရှိပါတယ်...။

Bahtoo Stadium(Myanmar)




နိုင်ငံတကာနဲ့ အဆင့်အတန်းမှီဖို့ အတော့်ကို ကြီုးစားပေးရမယ့်ကွင်းဖြစ်ပါတယ်...။ကွင်းအတွင်း ရေ၀ပ် ခြင်းလဲ ဆိုးဝါးစွာ ရှိပါတယ်...။ရေနှုတ် မြောင်း စနစ်လဲ မရှိပါဘူး...။ Sea game မှာလက်ခံကျင်းပမှာဖြစ်ပါတယ်...။ ၀င်ဆန့်လူဦးရေ 17000 လောက်ရှိ ပါတယ်....။အထက်မြန်မာနိုင်ငံမှာတော့ အကြီးဆုံး ကွင်းဖြစ်ပါတယ်...။ MNL (myanmar National League) မှ Yadanarbon အသင်းရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုလျှက်ရှိပါတယ်....။

Myanmar (Zabuthiri Stadium)








လူတိုင်းသိကြမှာ မြန်မာနိုင်ငံ မှာအိမ်ရှင် အဖြစ်လက်ခံကစားမယ့် 2013 ဆီးဂိမ်း အတွက် ရည်ရွယ် ထားတဲ့ ကွင်ဖြစ်ပါတယ်..။နေပြည်တော်မှာ တည်ရှိပါတယ်..။ဝင်ဆန့် လူဦးရေကတော့ 32000 ဖြစ်ပါတယ်....။ ဆီးဂိမ်းရဲ့ အဓိက လက်ခံကျင်းပပေးမယ့်ကွင်းဖြစ်ပါတယ်.. မြန်မာနိုင်ငံရဲ့ သမိုင်ဝင်မယ့်ကွင်းတစ်ကွင်းဖြစ်ပါတယ်...။တည်ဆောက် တဲ့ အဖွဲ့အစည်းကတော့ Max Myanmar ကဖြစ်ပါတယ်..။2012 မှာဖွင့်ပွဲ လုပ်ခဲ့ပါတယ်...။27th Southeast Asian Games ကို ကြိုဆိုလိုက်ကြရ
အောင်ဗျာ....။

VfL Wolfsburg (Volkswagen Arena)










ဂျာမဏီ နိုင်ငံ ရဲ့ အလှ ဆုံးသော ကွင်းတစ်ကွင်းဖြစ်ပါတယ်... လျှပ်စစ်မီး အသုံးမှာဆုံးသောကွင်း တွေမှာ တတိယ လိုက်ပါတယ်...။ညခင်းတွင် လှပသော နီယွန်မီးတွေနဲ့ ထိန်ဝါလျှက်ရှိပါတယ်..။ထူးခြားချက်
နောက်တစ်ခုကတော့ မြစ်ကမ်း နဖူးတွင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်..။ဂျာမနီ နိုင်င့အသင်း
လေ့ကျင့်မှုများလုပ်သောကွင်းလဲဖြစ်ပါတယ်...။ ကွင်းဘေးတွင် အပို လေ့ကျင့်ရေးကွင်းများလဲပါရှိ ပါတယ်..။ဝုစ်စဘတ် အသင်းရဲ့ အိမ်ကွင်းလဲဖြစ်ပါတယ်..။ဟိုးအရင်က လူဦးရေ 20,500 ၀င်ဆန့် ရာမှ 2011 FIFA Women's World Cup လက်ခံကျင်းပရန် ထိုင်ခုံ အရေအတွက် 30,000 အထိ တိုးချဲ့ ခဲ့ပါ တယ်..။ တည်နေရာကတော့ ဂျာမနီ နိုင်ငံ ၀ုစ်စဘတ် မြို့ဖြစ်ပါတယ်...။ ဗိသုကာဒီဇိုင်းက ထူးခြား ပြီးတော့ ကွင်းအတွင်းကြည့် လျှင် အမိုးများမှာ လိပ်ခုံးပုံ ရှိပြီးတော့ အပြင်မှ ကြည့်ရှုပါက အမိုးပြား ပုံကိုမြင်ရမှာပါ ။
အရင်ကွင်အဟောင်းကိုပြုပြင်ပြီးတော့ 13 December 2002 မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်...။နိုင်ငံတကာ
ဖျော်ဖြေ မှုအနေနဲ့ကတော့ Elton John နဲ့ Anastacia တို့ရဲ့ တေးဂီးတ ဖျော်ဖြေပွဲများကို လက်ခံ
ကျင်းပ ပေးခဲ့ပါတယ်...။ ဆောက်လုပ်ရေး ကုန်ကျ စရိတ်ကတော့ 53 million ယူရိုငွေ ကုန်ကျခဲ့ပါတယ်..
VfL Wolfsburg အသင်းရဲ့ အိမ်ကွင်း အဖြစ် ဘွန်ဒစ်လီဂါ ပွဲစဉ်များကိုလက်ခံ ကျင်းပပေးလျှက်ရှိပါတယ်..။